လေဒီတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း တစေ့တစောင်း
ကျန်းမာရေးက သက်ရှိတိုင်းအတွက် အရေးပါပါတယ်။ ကျန်းမာမှ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့်လည်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ပြောကြတာပေါ့။ အမျိုးသားတွေရော အမျိုးသမီးတွေပါ ကျန်းမာရေးပြဿနာ အမျိုးမျိုးကို ရင်ဆိုင်ရနိုင်ပါတယ်။
သာမန်ဖျားနာမှုကိုတော့ အမျိုးသားရော အမျိုးသမီးတွေပါ ခံစားရနိုင်တယ်ဆိုပေမယ့် ခန္ဓာကိုယ် ဖွဲ့စည်းမှုပုံစံ ကွာခြားမှုအရ
အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မတူညီတဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားကြရပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း ဗဟုသုတရရှိအောင် ပြောပြပေးချင်ပါတယ်။
လေဒီတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း တစေ့တစောင်း
အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီးပါ။ ဒီထဲကမှ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေကို ကြိုတင်သိရှိ သတိထားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
လေဒီတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဓိက အကြောင်းအရင်းခံများ
ဒီအချက်တွေက လေဒီတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
လေဒီတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း တစေ့တစောင်း
အခုပြောပြမယ့် ကျန်းမာရေးပြဿနာတွေက လေဒီတွေမှာ အဖြစ်များပါ။ သတင်းကောင်းကတော့ ကြိုတင်ကာကွယ်လို့ ရတယ်ဆိုတာပါ။
ကင်ဆာ
ကင်ဆာက အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အချို့သော ကင်ဆာ အမျိုးအစားတွေ လေဒီတွေမှာ အဖြစ်များပါတယ်။ ဘယ်လို ကင်ဆာ အမျိုးအစားတွေလည်း ဆိုတော့
- ရင်သားကင်ဆာ
- သားဥအိမ် ကင်ဆာ
- သားအိမ်ကင်ဆာ
- သားအိမ်ခေါင်းကင်ဆာတွေကတော့ အဖြစ်များပါတယ်။
အသက် ၅၀ ကျော်လာပြီဆိုရင် ကင်ဆာကို စစ်ဆေးကြည့်ဖို့ လိုပါမယ်။
စိတ်ဓာတ်ကျတာ
စိတ်ဓာတ်ကျတာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ရင်သွေးလေး မွေးဖွားပြီးချိန်၊ ရာသီလာချိန်နဲ့
သွေးဆုံးချိန်တွေမှာ စိတ်ဓာတ်ကျတာကို တော်တော်လေး ခံစားကြရပါတယ်။
စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်ပေးပါ။
နှလုံးရောဂါ
အမျိုးသမီးတွေက အမျိုးသားတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ ဆေးလိပ်သောက်တာ၊ အထိုင်များတာတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေကို များစေပါတယ်။
ကျန်းမာတဲ့ နေထိုင်မှုပုံစံ မွေးမြူပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။
မျိုးဆက်ပွား ကျန်းမာရေး
ကလေးမရတာကလည်း အမျိုးသမီး အများစုရင်ဆိုင်ရတဲ့ ကျန်းမာရေး ပြဿနာပါ။ အသက်အရွယ်ကြောင့်၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု မလုပ်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေတာတွေက ကလေးရနိုင်ခြေအပေါ် ထိခိုက်စေပါတယ်။
ဆီးချိုရောဂါ
ဆီးချိုကလည်း အခုနောက်ပိုင်းမှာ အဖြစ်များလာပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်နိုင်သလို၊ မျိုးရိုးရှိတာ၊ နေထိုင်မှုပုံစံတွကြောင့်လည်း ဆီးချို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲတာကြောင့်လည်း ဆီးချို ဖြစ်နိုင်ပါတယ်။
ကာကွယ်လို့ ရလား
လေဒီတွေအနေနဲ့ ကျန်းမာရေး ပြဿနာ မဖြစ်စေဖို့အတွက်ဆိုရင်
- ကိုယ်အလေးချိန် ထိန်းပါ
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
- တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
- အယ်လ်ကိုဟော သောက်ပါနဲ့
- စိတ်ဖိစီးမှု ဖြေလျော့ပါ
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ပြီး အချို့သော ရောဂါတွေကို လက်ဦးမှု ရယူကာကွယ်ပါ။
ရေးသားသူ - မွန်မွန်